NAY LIN AUNG

FINANCE & ACCOUNTANCY ACADEMY

ရင်းနှီးမြုတ်နှံမူ့မှပြန်ရချက်- ROI:Return on Investment (or) ROCE:Return on Capital Employed

လုပ်ငန်းဘက်ကတော့ (ROCE)လို့မြင်ပြီး Investor ဘက်ကတော့ (ROI) လို့မြင်ပါတယ်။ Earnings before Interest and Tax (EBIT)ကို တည်ပြီး Total Capital Employed or Investmentနှင့်စားပါတယ်။Capital(or)Investment 100 မှာအမြတ်ဘယ်နှစ်ရာခိုင်နှုန်း ပြန်ရသလဲဆိုတာကိုတွက်ကြည့်တာဖြစ်ပါတယ်။ မိမိလုပ်ငန်းရဲ့ ROI/ROCE ကောင်းမကောင်းကို ဘဏ်အတိုးနှုန်းဖြင့်နှိုင်းယှဉ်ကြည့်ခြင်းအားဖြင့်လည်းကောင်း မိမိနှင့်အလားတူလုပ်ငန်းများ၏ Industry Average ROI/ROCE နှင့် နှိုင်းယှဉ်ကြည့်ခြင်းအားဖြင့် သိနိုင်ပါတယ်။ မိမိလုပ်ငန်း၏ ROCE/ROI ကိုဘဏ္ဍာရေးနှစ်(၅)နှစ်စာလောက်ယှဉ်ကြည့်ခြင်းအားဖြင့် မိမိလုပ်ငန်းရဲ့ Progress နှင့် Trend ကိုတွေ့နိုင်ပါတယ်။ ROI/ROCE ကိုဖြစ်ပေါ်စေတဲ့ အခြေခံအကြောင်းရင်း(၂)ခုကတော့ Net Profit Margin နှင့် Net Assets Turnover ဖြစ်ကြောင်းကိုအောက်ပါအတိုင်းတွေ့နိုင်ပါတယ်။ ROI(or)ROCE = Net Profit margin x Net Assets Turnover Net Profit Margin ကတော့ Net Profit ကိုတည်ပြီး Sale နဲ့စားပါတယ်။Sale 100 တိုင်းမှာ ဘယ်လောက်မြတ်တယ်ဆိုတာတွက်ကြည့်တာပါ။Net Assets Turnover ကတော့ Sale ဟာ Capital ရဲ့ဘယ်နှစ်ဆရှိတယ်(ရောင်းအားကောင်းမကောင်း)တွက်ကြည့်တာပါ။ ဒါကြောင့် ROCE (or) ROI ကောင်းဖို့အတွက်လုပ်ငန်းတစ်ခုဟာ profit margin လည်းများရပါမယ်၊ ရောင်းအားလဲကောင်းရပါမယ်၊၊ ဒါပေမဲ့ ဒီနှစ်ခုတပြိုင်ထဲများဖို့တော့ခက်ပါတယ်။ Long tern Investment Project တစ်ခုရဲ့ ROI ကိုလည်းတွက်ကြည့်လို့ရပါတယ်။ ARR-Accounting Rate of Return လို့ခေါ်ပါတယ်။ Project ရဲ့ Average Annual Profit ကိုတည်ပြီး Project ရဲ့ Average Investment နှင့်စားပါတယ်။ Project တစ်ခုရဲ့ ARR သည် Project ရဲ့ Cost of Capital (အတိုးနှုန်းထက်)များရပါမယ်။

LCCI (UK) Level-3 Combined Diploma June-2020 တွင်လျှောက်မည့်သူများ

LCCI (UK) Level-3 Combined Diploma June-2020 တွင်လျှောက်မည့်သူများ NLA FAA Facebook messenger နှင့် (Mon to Fri) မနက် ၀၉:၀၀ နာရီမှ ညနေ ၀၅:၀၀ အတွင်း NLA FAA AMT Reception ဖုန်း (၀၁ ၅၃၈၀၄၈, ၀၉ ၄၅၀၀၂၂၆၄၆) သို့ ဖုန်းဆက်မေးလို့ရသည်ဖြစ်ကြောင်း အသိပေး အကြောင်းကြားအပ်ပါသည်။ (၂၁.၀၅.၂၀၂၀ မှ ၀၁.၀၆.၂၀၂၀) အတွင်းဆက်သွယ်ပေးပါ​ေ။ ကျေးဇူးတင်ပါတယ်။

၂၀၂၀ မတ်လ ၂ရက်နေ့က ရန်ကုန်မြို့ ဆူးလေရှန်ဂရီလာဟိုတယ်မှာ ACCA (UK)ရဲ့ Career Fair in Town ဆိုတဲ့ ပွဲကိုကျင်းပခဲ့

၂၀၂၀ မတ်လ ၂ရက်နေ့က ရန်ကုန်မြို့ ဆူလေရှန်ဂရီလာဟိုတယ်မှာ ACCA (UK)ရဲ့ Career Fair in Town ဆိုတဲ့ ပွဲကိုကျင်းပခဲ့

၂၀၂၀ မတ်လ ၂ရက်နေ့က ရန်ကုန်မြို့ ဆူလေရှန်ဂရီလာဟိုတယ်မှာ ACCA (UK)ရဲ့ Career Fair in Town ဆိုတဲ့ ပွဲကိုကျင်းပခဲ့ပါတယ်။ ဒီပွဲမှာတော့ ACCA (UK)က တာဝန်ရှိသူတွေက အလုပ်အကိုင် အခွင့်အလမ်းတွေနဲ့ပါတ်သက်ပြီး ဟောပြောဆွေးနွေးခဲ့ကြပါတယ်။ ဒီပွဲမှာ NLA FAA ကပြခန်း တစ်ခန်းပါဝင်ခဲ့သလို NLA FAA ကဆရာဆရာမတွေနဲ့ကျောင်းသူကျောင်းသားတွေလည်း တက်ရောက်ခဲ့ကြပါတယ်။