NAY LIN AUNG

FINANCE & ACCOUNTANCY ACADEMY

On Job Training (OJT)

On Job Training (OJT)

သီအိုရီကိုသာ သိရှိပြီး လက်တွေ့ စာရင်းရေးသွင်းဖူးခြင်း၊ စားရင်းရေးဆွဲဖူးခြင်း မရှိသေးသော LCCI (UK) မှ Level I & II, နှင့် III Diploma ရရှိပြီးသူများ နှင့် စီးပွါးရေးတက္ကသိုလ်မှ B.Com, B.Act ဘွဲ့ ရရှိထားသူများ အတွက် တက်ရောက် လေ့ကျင့်သင်ကြားသင့်သော သင်တန်း ဖြစ်ပါသည်။ ပြည်တွင်းတွင် သာမက ပြည်ပကုမ္ပဏီများတွင်ပါ စာရင်းကိုင်ကောင်းတစ်ယောက်အဖြစ် ယုံကြည်မှု အပြည့်အဝဖြင့် ဝင်ရောက်လုပ်ကိုင်နိုင်စေရန် အတွက် အောက်ပါ Module များဖြင့် Manual နှင့် Computer ယှဉ်တွဲ အသုံးပြုပြီး လေ့ကျင့် သင်ကြားပေးပါသည်။

  • Accounting Procedure
  • Cash Control
  • General Ledger Preparing
  • Sales Control (or) AR Control
  • Purchase Control (or) AP Control
  • Journal Transactions
  • Stock Control and Valuation
  • Preparing for Trial Balance
  • Income Statement (Profit & Loss)
  • Statement of Financial Position (Balance Sheet)

OJT သင်တန်းပြီးဆုံးပါက NLA သင်တန်းကျောင်းမှ On Job Training ပြီးဆုံးကြောင်း Certificate ကို ထုတ်ပေးမည် ဖြစ်ပါသည်။ Working Experience မည်မျှလောက်နှင့် ညီမျှသည်ဟု ရေးသားထားသော Certificate မျိုး ထုတ်ပေးမည် မဟုတ်ပါ။ စာရင်းအင်းရေးဆွဲ ထည့်သွင်းခြင်းများကို Manual စာအုပ်များဖြင့် ရေးဆွဲ ထည့်သွင်းခြင်းအပြင် Computer တွင် Microsoft Excel ဖြင့် ရေးဆွဲခြင်းပါ သင်ကြားလေ့ကျင့်ပေးမည် ဖြစ်ပါသည်။

စာရင်းရေးဆွဲခြင်းကို(၂) လစာရေးဆွဲနည်းများအား လေ့ကျင့်သင်ကြား ပြသပေးမည် ဖြစ်ပါသည်။Trading လုပ်ငန်းတစ်ခုအတွက် Financial Data များ ထည့်သွင်းခြင်း၊ Income Statement နှင့် Financial Position တို့အပြင် Final Report များ ရသည်အထိ လေ့ကျင့် သင်ကြားပြသ ပေးသွားမည် ဖြစ်ပါသည်။ OJT သင်တန်းပြီးဆုံးလျှင် Company တစ်ခု အတွက် Final Report များ ရေးဆွဲပြသပေးနိုင်မှသာ OJT သင်တန်း ပြီးဆုံးကြောင်း Certificate ရရှိမည် ဖြစ်ပါသည်။ OJT သင်တန်းအား တက်ရောက်သင်ကြားပြီးပါက Computer တွင် Microsoft Excel ကို ကျွမ်းကျင်စွာ ကိုင်တွယ်အသုံးပြု တက်သွားမည် ဖြစ်ပါသည်။ OJT သင်တန်း တက်ရောက်လိုသူများသည် LCCI Level (II) အောင်မြင်ပြီးသူများနှင့် B.Com, B.Art ဘွဲ့ရရှိပြီးသူများ တက်ရောက်သင်ကြားနိုင်ပါသည်။ Computer တွင် Microsoft Excel အခြေခံ အသုံးပြုတတ်သူ ဖြစ်ရပါမည်။ OJT သင်တန်းကာလမှာ (၂) လခွဲခန့် ဖြစ်ပါသည်။

On Job Training သင်တန်းကြေးမှာ 100,000/- Ks ဖြစ်ပါသည်။

Intensive Program

ACCA Part I ပြီးဆုံးပြီး Part II ဆက်တက်ရန်ရည်ရွယ်ထားသူများ၊ Part II အား အချိန်တိုအတွင်း စနစ်တကျသင်ယူမှုဖြင့် တစ်နှစ်နဲ့ခြောက်လအတွင်း ပြီးဆုံးအောင်မြင်၍ Advanced Diploma in Accounting & Business ဒီပလိုမာ ရရှိလိုသူများအတွက် အထူးကြပ်မတ် သင်ကြားပေးမည့် Intensive Program ကို NLA FAA မှ မကြာခင်ဖွင့်လှစ်သင်ကြားပို့ချပေးတော့မှာဖြစ်ပါတယ်…

Intensive Program မှာ ACCA Part II ဘာသာရပ်များအပြင်
- Academic English
- Art and Activities
- On Job Training
များကိုပါ သင်ကြားပို့ချပေးမှာဖြစ်ပါတယ်။

 

ဆက်သွယ်စုံစမ်းရန်

**AMT School**
အမှတ် (၁၀) ၊ အောင်မြေသာစည်လမ်း၊ ဆင်ရေတွင်းကားမှတ်တိုင်နှင့်ဂမုန်းပွင့်စင်တာအနီး၊ ကမာရွတ်မြို့နယ်၊ ရန်ကုန်မြို့။
Tel: 09 966 447 847, 09 782 515 306, 09 442 299 665

**HLD School**
အမှတ် (၁၈) ၊ (3B, 4A, 6B) သပြေညိုတိုက် (၂) ၊ ဦးထွန်းလင်းခြံလမ်း၊ ကမာရွတ်မြို့နယ်၊ ရန်ကုန်မြို့။
Tel: 09 772 000 561, 09 772 000 562

ငွေလွှဲအပ်နှံလိုပါက NLA FAA ကျောင်းသို့ မနက် (၉) နာရီမှ ညနေ (၄) နာရီအတွင်း ဖုန်းဆက်၍ စာရင်းပေးသွင်းအပ်နှံပြီး Bank Account များမှတဆင့် သင်တန်းကြေးငွေပေးသွင်းနိုင်ပါသည်။

Diploma in Accounting (DA) Intensive Program

စာရင်းကိုင်ပညာကို အခြေခံမှ၍ အချိန်တိုအတွင်း ထိရောက်စွာသင်ကြားပေးမဲ့ NLA FAA ရဲ့ Diploma in Accounting (DA) Intensive Program Accountant တစ်ယောက်အဖြစ် လုပ်ငန်းခွင်ဝင်ရောက်ဖို့ဘဲဖြစ်ဖြစ်၊ မိမိရဲ့ ကိုယ်ပိုင်စီးပွားရေးလုပ်ငန်းမှာစာရင်းနဲ့ဘဏ္ဍာရေးကိစ္စတွေကို ကိုယ်တိုင်စီမံခန့်ခွဲဖို့ဘဲဖြစ်ဖြစ် အချိန် (၃) လထဲနဲ့ အခြေခံစာရင်းကိုင်ပညာရပ်တွေကို လုပ်ငန်းခွင်ဝင်ရောက်နိုင်သည်အထိ အထူးကြပ်မတ်သင်ကြားပေးမဲ့ Diploma in Accounting (DA) Intensive Program တန်းခွဲသစ်ကို NLA FAA မှာ မကြာခင် စတင်ဖွင်လှစ်သွားတော့မှာဖြစ်ပါတယ်။

NLA FAA က စတင်ဖွင့်လှစ်တော့မဲ့ Diploma in Accounting (DA) Intensive Program တန်းခွဲသစ်မှာတော့ စာရင်းကိုင်တစ်ယောက်အတွက် မဖြစ်မနေ နားလည်တတ်ကျွမ်းဖို့ လိုအပ်တဲ့ ဘာသာရပ်တွေဖြစ်ကြတဲ့ Bookkeeping & Accounting ၊ Accounting၊ Cost & Management Accounting နဲ့ Advance Business Calculations ဘာသာရပ်တွေကို အချိန် ၃ လအတွင်းမှာ လုပ်ငန်းခွင်ဝင်ရောက်နိုင်သည်အထိသင်ကြားပို့ချပေးသွားမှာြဖစ်ပါတယ်။ ဒါ့အပြင် လုပ်ငန်းခွင်ဝင်ရောက်တဲ့နေရာမှာ အခက်အခဲမရှိအောင် On Job Training ကိုပါ တပါတည်း ထည့်သွင်းသင်ကြားပေးသွားမှာဖြစ်ပါတယ်။

NLA FAA က အထူးကြပ်မတ်သင်ကြားပို့ချပေးမယ့် ဒီ Program မှာတော့ Registration Fees, Exam Fees, Annual Fees တွေ မပါဝင်တဲ့အတွက် ကုန်ကျစရိတ်အထူးသက်သာမှာဖြစ်သလို ပြည်တွင်းလုပ်ငန်းရှင်များအနေနဲ့လဲ NLA FAA ရဲ့ Diploma in Accounting (DA) Diploma ရရှိတဲ့သူတွေကို စိတ်ချယုံကြည်စွာ တာဝန်တွေပေးအပ်လို့ရမှာဖြစ်ပါတယ်။ ACCA (UK) Part 1 ကို ဆက်လက်လျှောက်လှမ်းဖို့ အခြေခံကောင်းတွေ ရရှိပြီး လုပ်ငန်းခွင်ကို တန်းဝင်နိုင်တဲ့ NLA FAA ရဲ့ Diploma in Accounting (DA) Intensive Program တန်းခွဲသစ်ကို အချိန်ကုန်သက်သာပြီး စရိတ်သက်သာတဲ့ စာရင်းကိုင်ပညာရပ်တွေကို အခြေခံကနေ သင်ကြားလိုတဲ့ လူငယ်တွေအတွက် မကြာခင်မှာ ဖွင့်လှစ်ပေးသွားမှာဖြစ်တဲ့အတွက် NLA FAA မှာ စုံစမ်းမေးမြန်း အပ်နှံနိုင်ကြပါပြီ။