Nang Kham Moon Moon

ACCA(UK) Top Achiever, CPA Completion

Top Achiever ရရှိအောင် သင်ကြားပေးခဲ့တဲ့ ACCA ကဆရာ/ဆရာမတွေအားလုံးကိုလည်း အများကြီးကျေးဇူးတင်ပါတယ်။ တကယ်တော့ ဒီ LCCI တက်နေကြတဲ့သူတွေ၊ ဒီမှာတက်နေကြတဲ့သူတွေအားလုံးက အလုပ်တစ်ဖက်နဲ့ တက်နေကြတာများပါတယ်ရှင့်။ စာကြည့်ချိန်ဆိုတာ သိပ်မရပါဘူး။ ဒါပေမယ့် ဆရာတို့က စေတနာအပြည့်အဝနဲ့ မေတ္တာအပြည့်အဝနဲ့ သင်ကြားပေးခဲ့တဲ့အတွက် စာမေးပွဲကို အမှတ် များများနဲ့ အောင်ကြတယ်ဆိုတာ ညီမ ယုံကြည်ပါတယ်။ ဒါကြောင့် ACCA ရော CPA ပါ ဆရာတို့ဆီမှာ ယုံယုံကြည်ကြည်နဲ့တက်ခဲ့တာပါရှင်။ ဆရာတို့က Theory တွေသင်ကြားပေးတာဆိုတာထက် လက်တွေ့နဲ့လည်း အသုံးချတက်အောင် ဆရာတို့က သင်ကြားပေးပါတယ်။ ပြီးတော့ စာမေးပွဲ ဆိုတဲ့ ရှေ့တန်း စစ်ပွဲမှာ အဆင်သင့်ဖြစ်အောင် ညီမတို့ကို လက်နက်အပြည့်အစုံ တပ်ပေးလိုက်တာပါ။ ဒါကြောင့်လည်း ဒီလိုအခြေအနေမှာ ကျောင်းသားတွေ ဆုယူနိုင်တယ်လို့ ညီမယုံကြည်ပါတယ်။

Soe Thiha Linn

ACCA(UK) Top Achiever, CPA Completion

ACCA လမ်းကြောင်းပေါ်ကိုတင်ပေးခဲ့တဲ့ ဆရာဦးနေလင်းအောင်နှင့်အတကွ NLA FAA ကဆရာ/ဆရာမများကို အထူးပင်ကျေးဇူးတင်ပါတယ်။နောက်ပြီးတော့ ကျောင်းရဲ့ အဓိက အားသာချက်တစ်ခုကို ကျေးဇူးတင်ချင်ပါတယ်။ ဒီကျောင်းမှာဆိုရင် အဓိကက ACCA တက်တဲ့အခါမှာ Revision kit စာအုပ်တွေ Text Book စာအုပ် Original စာအုပ်တွေကို Copy Right နဲ့အညီ သိက္ခာရှိရှိနဲ့ လိပ်ပြာလုံလုံ ကိုင်ခွင့်ရခဲ့ပါတယ်။ အဲ့အတွက်လည်း စီစဉ်ပေးတဲ့ ဆရာ/မ များကိုကျေးဇူးတင်ပါတယ်