NAY LIN AUNG

FINANCE & ACCOUNTANCY ACADEMY

ရင်းနှီးမြုတ်နှံမူ့မှပြန်ရချက်- ROI:Return on Investment (or) ROCE:Return on Capital Employed

လုပ်ငန်းဘက်ကတော့ (ROCE)လို့မြင်ပြီး Investor ဘက်ကတော့ (ROI) လို့မြင်ပါတယ်။ Earnings before Interest and Tax (EBIT)ကို တည်ပြီး Total Capital Employed or Investmentနှင့်စားပါတယ်။Capital(or)Investment 100 မှာအမြတ်ဘယ်နှစ်ရာခိုင်နှုန်း ပြန်ရသလဲဆိုတာကိုတွက်ကြည့်တာဖြစ်ပါတယ်။ မိမိလုပ်ငန်းရဲ့ ROI/ROCE ကောင်းမကောင်းကို ဘဏ်အတိုးနှုန်းဖြင့်နှိုင်းယှဉ်ကြည့်ခြင်းအားဖြင့်လည်းကောင်း မိမိနှင့်အလားတူလုပ်ငန်းများ၏ Industry Average ROI/ROCE နှင့် နှိုင်းယှဉ်ကြည့်ခြင်းအားဖြင့် သိနိုင်ပါတယ်။ မိမိလုပ်ငန်း၏ ROCE/ROI ကိုဘဏ္ဍာရေးနှစ်(၅)နှစ်စာလောက်ယှဉ်ကြည့်ခြင်းအားဖြင့် မိမိလုပ်ငန်းရဲ့ Progress နှင့် Trend ကိုတွေ့နိုင်ပါတယ်။ ROI/ROCE ကိုဖြစ်ပေါ်စေတဲ့ အခြေခံအကြောင်းရင်း(၂)ခုကတော့ Net Profit Margin နှင့် Net Assets Turnover ဖြစ်ကြောင်းကိုအောက်ပါအတိုင်းတွေ့နိုင်ပါတယ်။ ROI(or)ROCE = Net Profit margin x Net Assets Turnover Net Profit Margin ကတော့ Net Profit ကိုတည်ပြီး Sale နဲ့စားပါတယ်။Sale 100 တိုင်းမှာ ဘယ်လောက်မြတ်တယ်ဆိုတာတွက်ကြည့်တာပါ။Net Assets Turnover ကတော့ Sale ဟာ Capital ရဲ့ဘယ်နှစ်ဆရှိတယ်(ရောင်းအားကောင်းမကောင်း)တွက်ကြည့်တာပါ။ ဒါကြောင့် ROCE (or) ROI ကောင်းဖို့အတွက်လုပ်ငန်းတစ်ခုဟာ profit margin လည်းများရပါမယ်၊ ရောင်းအားလဲကောင်းရပါမယ်၊၊ ဒါပေမဲ့ ဒီနှစ်ခုတပြိုင်ထဲများဖို့တော့ခက်ပါတယ်။ Long tern Investment Project တစ်ခုရဲ့ ROI ကိုလည်းတွက်ကြည့်လို့ရပါတယ်။ ARR-Accounting Rate of Return လို့ခေါ်ပါတယ်။ Project ရဲ့ Average Annual Profit ကိုတည်ပြီး Project ရဲ့ Average Investment နှင့်စားပါတယ်။ Project တစ်ခုရဲ့ ARR သည် Project ရဲ့ Cost of Capital (အတိုးနှုန်းထက်)များရပါမယ်။