NAY LIN AUNG

FINANCE & ACCOUNTANCY ACADEMY

LCCI (UK) Exam

LCCI (UK) Exam

Exam (7) ကြိမ်ဖြေဆိုနိုင်သည့်လများမှာ January, April, June, July, September, November, December ကျောင်းမှဖြေဆိုရန် အတွက် ရွေးချယ်ထားသော လများမှာ နှစ်တစ်နှစ်၏ Calendar Year အရ April, June, September & December အထက်ပါလများတွင် ဖြေဆိုနိုင်ရန်ရည်ရွယ်ပြီး အတန်းများကိုဖွင့်လှစ်သွားမည် ဖြစ်ပါသည်။ Exam ကို British Council Exam Unit မှ ကြီးမှူးကျင်းပသည်။

မေးခွန်းများအားလုံး (UK) တွင်ထုတ်၍၊ answer paper များအားလုံးကို (UK) သို့ပို့၍ စစ်ဆေးသည်၊ အောင်စာရင်းက (UK) မှထုတ်ပြန်သည်။ Diploma & Certificate များကို (UK) တွင်ပုံနှိပ်သည်။ စာမေးပွဲဖြေပြီး (၂) လခန့်အကြာတွင် အောင်စာရင်း ထွက်လေ့ရှိသည်။ စာမေးပွဲကြေးသွင်းခြင်း၊ စာမေးပွဲဖြေဆိုခွင့် ကဒ်ပြားထုတ်ပေးခြင်း၊ အောင်ရှုံးစာရင်း ထုတ်ပြန်ခြင်း၊(UK) မှ ပို့လိုက်သော Diploma & Certificate ကဒ်များထုတ်ပေးခြင်း စသည့်ဝန်ဆောင်မှုများကို ကျွန်တော်တို့ သင်တန်းကျောင်းမှ LCCI (UK) \ Registered Center တစ်ခုအနေဖြင့် ဆောင်ရွက်ပေးမည်။

  • April Series အတွက် စာမေးပွဲကြေးကို January လခန့်တွင် ပေးသွင်းရမည်။
  • July Series အတွက် စာမေးပွဲကြေးကို April လခန့်တွင် ပေးသွင်းရမည်။
  • December Series အတွက် စာမေးပွဲကြေးကို September လခန့်တွင် ပေးသွင်းရမည်။

ဘာသာရပ် အားလုံးအတွက် ယေဘုယျအားဖြင့် အောင်မှတ်(၅၀)၊ Merit မှတ် (၆၀)၊ ဂုဏ်ထူးမှတ် (၈၀) ဖြစ်သည်။ မေးခွန်းလွယ်ခြင်း ၊ ခက်ခြင်းပေါ်တွင်မူတည်၍ အမှတ်အပြောင်းအလဲရှိပါသည်။