NAY LIN AUNG

FINANCE & ACCOUNTANCY ACADEMY

Experience History of Achievement

Sketch of Nay Lin Aung Finance & Accountancy Academy

NLA FAA is established since 1996 in Kamayut Township Yangon, the very birth place of the Yangon university where many students admitted to grow their education for the career. In 1998 it’s become a registered finance and accountancy school under LCCI UK and in 2010 it has been recognized as one of the most improved school by LCCI UK not only in Myanmar but also for the while Asian continent.

NLA FAA has started its trainings of professional accounting from 2007-2008 and becoming a Gold Partnership School of ACCA in 2015.In broad ACCA training fields, NLA FAA becomes Myanmar’s Top school providing training to hundreds of students learning ACCA and it is also achieved Professional Gold Approved learning partner of ACCA(UK) in2016. Besides, NLA FAA opened supporting courses in the CPA subjects of Financial Accounting and Cost & Management Accounting of Myanmar Accountancy Council since 2002 and it has officially become the private school recognized by Myanmar Accountancy Council in 2017.

NLA FAA ကို ရန်ကုန်မြို့ ကမာရွတ်မြို့နယ်တွင် ၁၉၉၆ခုနှစ်မှ စတင်၍ တည်ထောင်ဖွင့်လှစ်ခဲ့ပါသည်။ ၁၉၉၈ ခုနှစ်တွင်လန်ဒန်ကုန်သည်ကြီးများအသင်း LCCI UK တွင်မှတ်ပုံတင်နိုင်သော ကျောင်းတစ်ကျောင်းအဖြစ် စာရင်းကိုင်နှင့် ဘဏ္ဍာပညာရပ်ဆိုင်ရာ Platforms တွင် စတင်ရပ်တည်လာနိုင်ခဲ့ပြီး ၂၀၁၀ခုနှစ်အရောက်တွင် မြန်မာနိုင်ငံ တစ်နိုင်ငံလုံးသာမကအာရှတိုက် တစ်တိုက်လုံးတွင် တိုးတတ်မှုအရှိဆုံး ကျောင်းတစ်ကျောင်းအဖြစ် LCCI UK ရဲ့ အသိအမှတ်ပြုခြင်းကို ရရှိခဲ့ပါသည်။

NLA FAA သည် LCCI UK ကပြဌာန်းထားသည့် စာရင်းကိုင်ဘာသာ ရပ်များသာမက အင်္ဂလန်နိုင်ငံမှ ဘုရင့်အသိအမှတ်ပြု တော်ဝင်စာရင်းကိုင် အဖွဲ့ကြီးဖြစ်သည့် ACCA ၏ Professional စာရင်းကိုင် ဘာသာရပ်များကို ၂၀၀၇-၂၀၀၈ ခုနှစ်လောက်မှစ၍ စတင်သင်ကြားပို့ချပေးခဲ့ပြီး ၂၀၁၅ခုနှစ်အရောက်တွင် ACCA ၏ Gold Partnership ရသောကျောင်းတစ်ကျောင်းဖြစ်လာခဲ့သည်။ ကျယ်ဝန်းလှသည့် ACCA ဘာသာရပ် သင်ကြားရေးနယ်ပယ်တွင် NLA FAA သည် ACCA ကျောင်းသားရာပေါင်းများစွာကို သင်ကြားပို့ချပေးနေသည့် မြန်မာနိုင်ငံ ရဲ့ထိပ်တန်းကျောင်းတစ်ကျောင်း ဖြစ်လာခဲ့ပြီးနောက် ၂၀၁၆ ခုနှစ်တွင် ACCA (UK) Professional Gold Approved Learning Partner အဖြစ် ရပ်တည်လာနိုင်ခဲ့သည်။

ထို့အပြင် NLA FAA သည် မြန်မာနိုင်ငံစာရင်းကောင်စီ (Myanmar Accountancy Council) မှဖွင့်လှစ်သည့် CPA သင်တန်းမှ Financial Accounting နှင့် Cost & Management Accounting ဘာသာရပ်များကို ၂၀၀၂ခုနှစ်မှ စတင်၍ သင်ထောက်ကူသင်တန်းအဖြစ် ဖွင့်လှစ်ပို့ချခဲ့ပြီး ၂၀၀၇ခုနှစ် အရောက်တွင် မြန်မာနိုင်ငံ စာရင်းကောင်စီ (Myanmar Accountancy Council) ၏ တရားဝင်ခွင့်ပြုချက် ရခဲ့သည့် ပုဂ္ဂလိက ကျောင်းတစ်ကျောင်း ဖြစ်လာခဲ့ပါသည်။

1998
Approved learning partner of LCCI (UK)
2015
ACCA (UK) Approved Gold Partner
2018
ACCA (UK) Approved CBE Exam Centre

Authorized CPA Private School from MAC in 2017

The Founder U Nay Lin Aung has passed the B.com exam from Yangon University of Economic with gold medal in 1994 and again win the Certified Public Accountant(CPA) from Myanmar Accountancy Council (MAC) with silver medal. Since his student life during the year of 1995 and 1996, he started his career as assistant trainer for MAC especially for post graduate Diploma in Accounting (DA) and after teaching one of the students to sit the LCCI(UK) exam he found himself that he us already started the educator for accounting field.

While teaching LCCI subjects to students as freelance , he also working as an Finance Manager for one of the professional consulting firm. Since he found himself the innate ability of being a professional trainer he started full time training career in the year of 2000 and opened the first page of NLA FAA. Now NLA FAA is the school which produce highest Gold & Silver Medalists Students and having most of the market share in the Finance and Accountancy schools along with highest attendance rate and sitting exam rate for LCCI industry in Myanmar.

NLA FAA. ၏ ဦးစီးပဲ့ကိုင်ဖြစ်သည့် ဦးနေလင်းအောင်သည် ၁၉၉၄ ခုနှစ်တွင် ရန်ကုန်စီးပွားရေးတက္ကသိုလ်မှ B.com ဘွဲ့ကို ပထမအဆင့်ရွှေတံဆိပ်ဖြင့် အောက်မြင်ခဲ့ပြီး ၁၉၉၇ ခုနှစ်တွင် မြန်မာနိုင်ငံစာရင်းကောင်စီ (MAC) ၏ Certified Public Accountant (CPA) ကို ဒုတိယအဆင့် ငွေတံဆိပ်ဖြင့် အောင်မြင်ခဲ့ပါသည်။ ဦးနေလင်းအောင်သည် ကိုယ်တိုင် CPA သင်တန်းတက်ရောက်နေသည့် ၁၉၉၆ ခုနှစ်လောက်ကပင် မြန်မာနိုင်ငံစာရင်းကောင်စီ (MAC) ၏ DA(Diploma in Accounting) ဘွဲ့လွန်ဒီပလိုမာ သင်ထောက်ကူသင်ကြားသူ အဖြစ်စတင်ခဲ့ပြီး LCCI(UK) သင်တန်းသူတစ်ဦးအား စတင်သင်ကြားပေးခဲ့ရာမှစ၍ Accounting ပညာသင်ကြားမှု နယ်ပယ်ထဲသို့ ဝင်ရောက်ခဲ့ပါသည်။
ဦးနေလင်းအောင်သည် LCCI ဘာသာရပ်များကို အလွတ်သင် ဆရာဖြစ်သင်ကြားပေးနေရင်း တစ်ဖက်မှာလည်း SGV-Winthin Consulting Firm တွင် Manager အဖြစ် လုပ်ကိုင်ဆောင်ရွက်နေခဲ့ရင်းမှ ၂၀၀၀ ပြည့်နှစ် အရောက်တွင် အချိန်ပြည့် စာသင်ကြားပို့ချသည့်ဘဝကို ရွေးချယ်ကာ NLA FAA ၏ သမိုင်းအစကို ဖွင့်လှစ်ခဲ့ခြင်း ဖြစ်ပါသည်။ ယခုအခါတွင် NLA FAA သည် မြန်မာနိုင်ငံ၏ LCCI သင်ကြားမှု Industry တွင် ကျောင်းသူ/ကျောင်းသား အများဆုံး စာမေးပွဲ ဝင်ဖြေဆိုသည့်သူ အများဆုံး Gold & Silver Medal ရရှိသူ အများဆုံး နှင့် Market Share အများစုကို ရရှိထားသော ကျောင်းတစ်ကျောင်းအဖြစ် ရပ်တည်လျက်ရှိသည်။