NAY LIN AUNG

FINANCE & ACCOUNTANCY ACADEMY

အင်္ဂလန်နိုင်ငံရဲ့ ပညာရေးအဆင့်အတန်းကို ထိန်းကျောင်းနေတဲ့ Ofqual အကြာင်း တစေ့တစောင်း

Office of Qualifications and Examination Regulation လို့ခေါ်တဲ့Ofqual အဖွဲ့အစည်းကြီးက အင်္ဂလန်နိုင်ငံကတက္ကသိုလ် ကောလိပ်တွေနဲ့ ပညာရပ်ဆိုင်ရာအဖွဲ့အစည်းတွေရဲ့ Qualifications တွေ Exam တွေနဲ့ ဘွဲ့ဒီဂရီတွေကိုRanking သတ်မှတ်ပေးနေတဲ့အဖွဲ့အစည်းကြီးပါ။

အင်္ဂလန်နိုင်ငံရဲ့ EDUCATION ACT 2011 အရ ပေါ်ထွက်
လာတဲ့အဖွဲ့အစည်းကြီးဖြစ်သလို ပါလီမန်အထိ တိုက်ရိုက်
Report လုပ်နိုင်တဲ့အဖွဲ့အစည်းကြီးတစ်ခုဖြစ်ပါတယ်။

Ofqual ဟာ British Examination Board အဖွဲ့က အထောက်အပံ့ပေးထားတဲ့ GCSEs စာမေးပွဲတွေ A levels စာမေးပွဲတွေ AS Levels စာမေးပွဲတွေ အပါအဝင် Vocational နဲ့ Technical Qualifications တွေပေါ်မှာ အတော်ကို
သြဇာကြီးမားပါတယ်။

ပြောရရင် Vocational Education ကနေ Professional Education နယ်ပယ်အသီးသီးက Qualifications တွေဟာOfqual ရဲ့ တရားဝင်အသိအမှတ်ပြု လက်ခံထားခြင်းရှိ မရှိဆိုတာက မြန်မာနိုင်ငံက ကျောင်းသူကျောင်းသား တွေနဲ့ မိဘတွေက သိရှိဖို့အရေးကြီးပါတယ်။

Ofqual ကအသိမှတ်ပြုခြင်းမခံရတဲ့ Qualifications တွေက
တစ်ကဲ့ Professional Platform ပေါ်တက်ရောက်ရမယ့်အချိန်မျိုးမှာမှ မြင်းကောင်းခွါလိပ်ဖြစ်စေတတ်ပါတယ်။

LCCI ဒီပလိုမာတွေနဲ့ ACCA Qualifications တွေက
ခေတ်အဆက်ဆက် မှတ်ကျောက်တင်တာခံခဲ့ရသလို
အခုလက်ရှိမှာလည်း Ofqual ရဲ့ တရားဝင်အသိမှတ်
ပြုခြင်းကို ခံရပါတယ်။ ဒီလိုခိုင်မာတဲ့ အဖွဲ့အစည်းကြီး
ရဲ့ အသိအမှတ်ပြုခံထားရတဲ့ LCCI ဒီပလိုမာတွေနဲ့
ACCA Qualifications တွေဟာ မြန်မာကျောင်းသူ
ကျောင်းသားတွေကို Professional Platform ပေါ်
ရောက်တဲ့အထိ အပြည့်အ၀ အာမခံချက်ပေးသွားမယ့်
ပညာလှေကားထစ်တွေ ဖြစ်တယ်ဆိုတဲ့အကြောင်း
အလေးအနက်ထား ရေးသားတင်ပြလိုက်ပါတယ်။ ။

(ဆက်လက်ဖေါ်ပြပေးသွားပါမည်)