NAY LIN AUNG

FINANCE & ACCOUNTANCY ACADEMY

အောက်တိုဘာလ ၁၂ရက်နေ့က မလေးရှားနိုင်ငံ ကွာလာလမ်ပူမြို့က Shangri-La Hotel မှာ LCCI နှစ်၁၂၀ပြည့်အခမ်းအနားကျင်းပခဲ့ပါတယ်။

အောက်တိုဘာလ ၁၂ရက်နေ့က မလေးရှားနိုင်ငံ
ကွာလာလမ်ပူမြို့က Shangri-La Hotel မှာ LCCI
နှစ်၁၂၀ပြည့်အခမ်းအနားကျင်းပခဲ့ပါတယ်။

ဒီအခမ်းအနားကို တတ်ရောက်ခဲ့တဲ့ ကမ္ဘာအရပ်ရပ်က
ကျောင်းတွေထဲမှာ မြန်မာနိုင်ငံက NLA FAA ကျောင်း
ကို အာရှတိုက်ရဲ့အကြီးဆုံး ကျောင်းအဖြစ် LCCI
Pearson ကအသိမှတ်ပြုကြေငြာခဲ့ပြီး ၂၀၁၇နှစ်အတွက်
ရွှေတံဆိပ်ဆုနဲ့ငွေတံဆိပ်ဆု ပြိုင်တူချီးမြှင့်ခဲ့ပါတယ်။

အခုလို ၂၀၁၇ ခုနှစ်အတွက်
Excellent Center Gold Award ရွှေတံဆိပ်ဆုနဲ့
Excellent Center Silver Award ဆုနှစ်ဆုတစ်
ပြိုင်တည်းရရှိခဲ့တာက ၂၀၁၇ နှစ်အတွင်းဖြေဆိုခဲ့တဲ့
LCCI စာမေးပွဲများမှာ NLA FAA ပင်မကျောင်းနဲ့
ကျောင်းခွဲတွေက ပျမ်းမျှ အောင်ချက်ကောင်းလို့
ရရှိခဲ့တာဖြစ်ပါတယ်။

NLA FAA ပင်မကျောင်းကအောင်ချက် ၆၅ ရာခိုင်နှုန်း
ကျော်လို့ ရွှေတံဆိပ်ဆုကိုရခဲ့သလို

မန္တလေးနဲ့ရန်ကုန်ကကျောင်းခွဲတွေက
အောင်ချက် ၅၀ရာခိုင်နှုန်းကျော်လို့ ငွေတံဆိပ်ဆုကို
ဆွတ်ခူးရရှိခဲ့တာလည်းဖြစ်ပါတယ်။

မြန်မာနိုင်ငံအနေနဲ့ရွှေတံဆိပ်ဆုရရှိခဲ့တာ
NLA FAA ကျောင်းတစ်ကျောင်းပဲရှိပါတယ်။

ဒါ့အပြင် ဒီအခမ်းအနားကိုတက်ရောက်လာခဲ့တဲ့
LCCI ကျောင်းတွေထဲမှာ Presentation လုပ်ခွင့်
ရတဲ့ တစ်ခုထဲသောကျောင်းဖြစ်သလို ကျန်တဲ့
LCCI လုပ်ဖေါ်ကိုင်ဖက်ကျောင်းတွေရဲ့ စိတ်ဝင်
စားမှုကိုလည်းရရှိခဲ့ပါတယ်။

၁၉၉၆ခုနှစ်ကတည်းက ဆရာဦးနေလင်းအောင်
စတင်တည်ထောင်ခဲ့တဲ့ NLA FAA ဟာအခုဆိုရင်
LCCI ဘာသာရပ်တွေနဲ့ပတ်သက်ပြီး ကမ္ဘာနဲ့မြန်မာ
ရွှေတံဆိပ်ဆုရှင် Gold Meadlist ၁၀၂ဦးနဲ့
ငွေတံဆိပ်ဆုရှင် Silver Medalist ၁၁၂ဦး ပေါင်း
၂၁၄ဦး မွေးထုတ်ပေးခဲ့ပြီးဖြစ်ပါတယ်။

Theory is Captain and Computation is
Soldier ဆိုတဲ့ သင်ကြားရေး Slogan နဲ့
LCCI ဘာသာရပ်တွေကို စေတနာရှေ့ထား
သင်ကြားပို့ချခဲ့တဲ့အတွက် ယခုလို အောင်မြင်မှု
တွေရရှိခဲ့ခြင်းလည်း ဖြစ်ပါတယ်။

NLA FAA