NAY LIN AUNG

FINANCE & ACCOUNTANCY ACADEMY

ACCA (UK) CBE Exam

ACCA (UK) CBE Exam

မြန်မာနိုင်ငံတွင် အကြီးဆုံး CBE Center ဖြစ်သည့် NLA FAA ၏ CEB Center တွင် မြန်မာနိုင်ငံ အတွင်းရှိ ACCA ကျောင်းသား/ ကျောင်းသူ ၄၀ ကျော် တစ်ပြိုင်တည်း AB (F1), MA (F2), FA (F3), LW (F4) ဘာသာရပ်များ NLA FAA AMT School တွင်အဆင်ပြေစွာ ဖြေဆို နိုင်ရန် စီစဉ် ဆောင်ရွက် ပေးနေပါသည်။

LCCI (UK) Exam

LCCI (UK) Exam

Exam (7) ကြိမ်ဖြေဆိုနိုင်သည့်လများမှာ January, April, June, July, September, November, December ကျောင်းမှဖြေဆိုရန် အတွက် ရွေးချယ်ထားသော လများမှာ နှစ်တစ်နှစ်၏ Calendar Year အရ April, June, September & December အထက်ပါလများတွင် ဖြေဆိုနိုင်ရန်ရည်ရွယ်ပြီး အတန်းများကိုဖွင့်လှစ်သွားမည် ဖြစ်ပါသည်။ Exam ကို British Council Exam Unit မှ ကြီးမှူးကျင်းပသည်။

မေးခွန်းများအားလုံး (UK) တွင်ထုတ်၍၊ answer paper များအားလုံးကို (UK) သို့ပို့၍ စစ်ဆေးသည်၊ အောင်စာရင်းက (UK) မှထုတ်ပြန်သည်။ Diploma & Certificate များကို (UK) တွင်ပုံနှိပ်သည်။ စာမေးပွဲဖြေပြီး (၂) လခန့်အကြာတွင် အောင်စာရင်း ထွက်လေ့ရှိသည်။ စာမေးပွဲကြေးသွင်းခြင်း၊ စာမေးပွဲဖြေဆိုခွင့် ကဒ်ပြားထုတ်ပေးခြင်း၊ အောင်ရှုံးစာရင်း ထုတ်ပြန်ခြင်း၊(UK) မှ ပို့လိုက်သော Diploma & Certificate ကဒ်များထုတ်ပေးခြင်း စသည့်ဝန်ဆောင်မှုများကို ကျွန်တော်တို့ သင်တန်းကျောင်းမှ LCCI (UK) \ Registered Center တစ်ခုအနေဖြင့် ဆောင်ရွက်ပေးမည်။

  • April Series အတွက် စာမေးပွဲကြေးကို January လခန့်တွင် ပေးသွင်းရမည်။
  • July Series အတွက် စာမေးပွဲကြေးကို April လခန့်တွင် ပေးသွင်းရမည်။
  • December Series အတွက် စာမေးပွဲကြေးကို September လခန့်တွင် ပေးသွင်းရမည်။

ဘာသာရပ် အားလုံးအတွက် ယေဘုယျအားဖြင့် အောင်မှတ်(၅၀)၊ Merit မှတ် (၆၀)၊ ဂုဏ်ထူးမှတ် (၈၀) ဖြစ်သည်။ မေးခွန်းလွယ်ခြင်း ၊ ခက်ခြင်းပေါ်တွင်မူတည်၍ အမှတ်အပြောင်းအလဲရှိပါသည်။