NAY LIN AUNG

FINANCE & ACCOUNTANCY ACADEMY

ACCA (UK) DIP IFR စက်တင်ဘာလတွင် စာမေးပွဲရှိပါကြောင်း

ACCA တက်ရောက်ပြီး Register လုပ်ဖူးသော (ACCA Account ရှိသော) ကျောင်းသားကျောင်းသူများသည် DIP IFR Exam ဖြေမည်ဆိုပါက DIP IFR Register Fee ပေးသွင်းပြီး ACCA မှ DIP IFR သို့ Transfer လုပ်ကြောင်း Transfer Form ဖြည့်ပြီး ACCA (UK) ဘက်သို့ Email ပေးပို့ရပါမည်ဖြစ်ပါသည်။ ACCA Account Number နှင့်ပင် DIP IFR Exam Fee အားပေးသွင်းရမည်ဖြစ်သည်။ACCA Account Inactive ဖြစ်သွားပါကလည်း Active ဖြစ်အောင် Re-Registration ပြုလုပ်ထားရမည်ဖြစ်သည်။

DIP IFR အရင်ဖြေဆိုပြီးမှ ACCA တက်ရောက်မည်ဆိုပါကလည်း DIP IFR Account Number နှင့်ပင် DIP IFR မှ ACCA (UK) သို့ Transfer လုပ်ကြောင်း Transfer Form ဖြည့်သွင်းပြီး Mail ပို့ရမည်ဖြစ်သည်။ထိုမှသာ ACCA (UK) Exam Fee များပေးသွင်းနိုင်မည်ဖြစ်သည်။ DIP IFR, ACCA (UK) နှစ်ခုလုံး Account တစ်ခုထဲပင် အသုံးပြုရသလိုဖြစ်သွားပါမည်။

ဒီအချိန်မှာ ငွေဟာ…….

ရှားပါး အရင်းအမြစ်(scarce resource).အကန့်အသတ်နဲ့ဘဲ ရနိုင်တဲ့(Limiting Factor)

စီမံချက်ရေးဆွဲရာမှာ အဓိက ခြေခံရမယ့် (Principal Budget Factor)
ဒါကြောင့်မို့ ငွေကို.....ဦးစားပေး အစီစဉ် (order of priority) သတ်မှတ်ပြီး သုံးသင့်ပါတယ်။ဥပမာ ငွေသုံးရမယ့် အရေးကိစ္စတွေချရေးပြီးကျွန်တော်ထင်တဲ့ဦးစားပေး သုံးရမယ့်အစီစဉ် သတ်မှပြပါမယ်

  • အကြွေးဆပ်ရေး။ (စတုတ္ထ ဦးစားပေး)
  • စားရေး။ (ပထမ ဦးစားပေး)
  • ဝတ်ရေး။ (ဆဌမ ဦးစားပေး)
  • နေရေး။ (တတိယ ဦးစားပေး)
  • ပညာရေး။ (ပဥ္စမ ဦးစားပေး)
  • ကျန်းမာရေး။ (ဒုတိယ ဦးစားပေး)
  • နေလင်းအောင် (NLA FAA)

NLA FAAနဲ့ LCCI(UK) ကပေးအပ်တဲ့ Scholarship တွေ မန္တလေးကျောင်းက ဘယ်သူတွေ ဆွတ်ခူးရရှိခဲ့ကြတာလဲ…..

NLA FAA ရဲ့ Scholarship Program ဆိုတာကတော့ အတန်းထဲက စာမေးပွဲတွေမှာ အမှတ်တွေ အများဆုံးရပြီး LCCI(UK) ကစစ်ဆေးတဲ့ စာမေးပွဲမှာ တပြိုင်တည်း ဘာသာစုံ အကုန်ဖြေဆို အောင်မြင်တဲ့ ကျောင်းသူကျောင်းသားတွေကို LCCI (UK)နဲ့ ပူးပေါင်းပြီး Scholarship အနေနဲ့ Exam Fees နဲ့ Tuition fees တွေကို ပြန်လည်ပေးအပ် ချီးမြှင့်တဲ့ အစီအစဉ်ပဲဖြစ်ပါတယ်...

၁၂.၀၃.၂၀၂၀ နေ့တုန်းက NLA FAA မန္တလေးကျောင်းမှာ NLA FAA နဲ့ LCCI(UK) ကပေးအပ်တဲ့ Scholarship ရတဲ့ကျောင်းသူကျောင်းသားတွေကို Exam fees နဲ့ Tuition Fees တွေ ပြန်လည်ပေးအပ်ချီးမြှင့်ခဲ့ပါတယ်...

ဒီScholarship တွေရတဲ့ ကျောင်းသူကျောင်းသားတွေက ယခုလက်ရှိအချိန်မှာတော့ NLA FAA မန္တလေးကျောင်းမှာ ACCA (UK) ရဲ့ Applied Knowledge Level (Part 1) ,Applied Skill Level (Part 2) တွေက ဘာသာရပ်တွေဆက်လက်လေ့လာ သင်ကြားနေကြပါတယ်...