NAY LIN AUNG

FINANCE & ACCOUNTANCY ACADEMY

Top Achiever ရရှိအောင် သင်ကြားပေးခဲ့တဲ့ ACCA ကဆရာ/ဆရာမတွေအားလုံးကိုလည်း အများကြီးကျေးဇူးတင်ပါတယ်။ တကယ်တော့ ဒီ LCCI တက်နေကြတဲ့သူတွေ၊ ဒီမှာတက်နေကြတဲ့သူတွေအားလုံးက အလုပ်တစ်ဖက်နဲ့ တက်နေကြတာများပါတယ်ရှင့်။ စာကြည့်ချိန်ဆိုတာ သိပ်မရပါဘူး။ ဒါပေမယ့် ဆရာတို့က စေတနာအပြည့်အဝနဲ့ မေတ္တာအပြည့်အဝနဲ့ သင်ကြားပေးခဲ့တဲ့အတွက် စာမေးပွဲကို အမှတ် များများနဲ့ အောင်ကြတယ်ဆိုတာ ညီမ ယုံကြည်ပါတယ်။ ဒါကြောင့် ACCA ရော CPA ပါ ဆရာတို့ဆီမှာ ယုံယုံကြည်ကြည်နဲ့တက်ခဲ့တာပါရှင်။ ဆရာတို့က Theory တွေသင်ကြားပေးတာဆိုတာထက် လက်တွေ့နဲ့လည်း အသုံးချတက်အောင် ဆရာတို့က သင်ကြားပေးပါတယ်။ ပြီးတော့ စာမေးပွဲ ဆိုတဲ့ ရှေ့တန်း စစ်ပွဲမှာ အဆင်သင့်ဖြစ်အောင် ညီမတို့ကို လက်နက်အပြည့်အစုံ တပ်ပေးလိုက်တာပါ။ ဒါကြောင့်လည်း ဒီလိုအခြေအနေမှာ ကျောင်းသားတွေ ဆုယူနိုင်တယ်လို့ ညီမယုံကြည်ပါတယ်။