၂၀၁၉ ဇူလိုင်(၂၅)
နာရေးကူညီမှုအသင်း(ရန်ကုန်)သုခအလင်းပညာဒါကျောင်းမှ (၂/၂၀၁၉) (၁၆)ကြိမ်မြောက်အဖြစ် ” Nay Lin Aung Finance & Accountancy Academy” တို့ ပူးပေါင်းဖွင့်လှစ်သော LCCI Level 1 & 2 Bookeeping (အခြေခံစာရင်းကိုင်)သင်တန်း ကို ယနေ့နံနက် (ရး၀၀)နာရီတွင် စတင်ဖွင့်လှစ် သင်ကြားခဲ့ပါသည်။
သင်တန်းအား ” Nay Lin Aung Finance & Accountancy Academy” မှ ဆရာမများက သင်ကြားပို့ချပေးမည်ဖြစ်ပြီး သင်တန်းသား/သူ (၁၂၀) တက်ရောက်သင်ယူခဲ့ကြသည်။
ထိုသင်တန်းအား (၆)လကြာ သင်ယူရမည်ဖြစ်ပါသည်။
Category: Uncategorized
NLA FAA က အခု ၂၀၁၉ သြဂုတ်လကစတင်ပြီး မြန်မာနိုင်ငံတစ်နိုင်ငံလုံးအတွက်တစ်ဦးတည်းသော UK အခြေစိုက် BPP Holdingပုံနှိပ်ထုတ်ဝေဖြန့်ချိခွင့် ( Authorised Distribution ) ကိုပါထပ်မံ ရရှိခြင်း
UK အခြေစိုက် BPP Holding က Professional နဲ့ Academic ပညာရေးဆိုင်ရာ ဘာသာရပ်ပြဌာန်းစာအုပ်တွေကို ကမ္ဘာနှင့်တလွှား ပုံနှိပ်ထုတ်ဝေနေတဲ့ အဖွဲ့အစည်းကြီးတစ်ခုပါ။ မြန်မာနိုင်ငံမှာ BPP Holding ရဲ့ခွင့်ပြုချက်နဲ့ ACCA (UK) ဘာသာရပ်ဆိုင်ရာပြဌာန်းစာအုပ်တွေ ပုံှနှိပ်ခွင့်အတွက် (Authorised Tuition Solution Provider) ရရှိထားတဲ့ NLA FAA က အခု ၂၀၁၉ သြဂုတ်လကစတင်ပြီး မြန်မာနိုင်ငံတစ်နိုင်ငံလုံးအတွက်တစ်ဦးတည်းသော
ပုံနှိပ်ထုတ်ဝေဖြန့်ချိခွင့် ( Authorised Distribution ) ကိုပါထပ်မံ ရရှိခဲ့ပြီ ဖြစ်ပါတယ်။
အင်္ဂလန်နိုင်ငံရဲ့ ပညာရေးအဆင့်အတန်းကို ထိန်းကျောင်းနေတဲ့ Ofqual အကြာင်း တစေ့တစောင်း
Office of Qualifications and Examination Regulation လို့ခေါ်တဲ့Ofqual အဖွဲ့အစည်းကြီးက အင်္ဂလန်နိုင်ငံကတက္ကသိုလ် ကောလိပ်တွေနဲ့ ပညာရပ်ဆိုင်ရာအဖွဲ့အစည်းတွေရဲ့ Qualifications တွေ Exam တွေနဲ့ ဘွဲ့ဒီဂရီတွေကိုRanking သတ်မှတ်ပေးနေတဲ့အဖွဲ့အစည်းကြီးပါ။ Continue reading “အင်္ဂလန်နိုင်ငံရဲ့ ပညာရေးအဆင့်အတန်းကို ထိန်းကျောင်းနေတဲ့ Ofqual အကြာင်း တစေ့တစောင်း”